Blue Screen Of Death ဘာကြောင့် ဖြစ်လေ့ရှိလဲ။ ဘယ်လို ကာကွယ်နိုင်သလဲ။
Blue Screen Of Death (BSODs) ကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေကတော့ hardwares, drivers, software conflicts နဲ့ OS corruption တွေကြောင့် ဖြစ်ပါတယ်။ တစ်ခုစီကို ဒီလို ထုတ်ကြည့်နိုင်တယ်။
1. BSOD ကို ဖြစ်စေနိုင်တဲ့ Hardware Failures တွေက
- RAM ချို့ယွင်းမှု
- CPU or GPU အပူလွန်ကဲခြင်း
- HDD or SSD ပုံမှန်မဖြစ်ခြင်း
- Power supply ပြဿနာ
2. BSOD ကို ဖြစ်စေနိုင်တဲ့ Driver Issues တွေက
- Outdated or corrupted drivers
- တင်ထားတဲ့ device driver တွေနဲ့ OS နဲ့ မကိုက်ညီတာ
3. BSOD ကို ဖြစ်စေနိုင်တဲ့ Software Conflicts တွေက
- အဓိက ပြဿနာပေးနိုင်တာက Malware or viruses တွေပါ
- နောက်တစ်ခုကတော့ quality မရှိတဲ့ (ရေးချင်သလိုရေးထားတဲ့) application တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
- Applications နဲ့ System Processes ကြားမှာ ပြဿနာရှိခဲ့ရင်လည်း BSOD ဖြစ်တတ်ပါတယ်။
4. BSOD ကို ဖြစ်စေနိုင်တဲ့ Operating System Corruption ကတော့
- system files တွေ ပျောက်/ပျက်နေတာ၊ မပြည့်စုံတာ၊ update လုပ်စဥ်မှာ error ဖြစ်တာ စတဲ့ အကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
5. Overclocking ကြောင့်လည်း BSOD ဖြစ်နိုင်ပါတယ်။
Hardware တွေကို သူတို့ ခံနိုင်ရည်ရှိတဲ့ limit ထက်ပိုပြီး အသုံးပြုခြင်းကြောင့် BSOD ဖြစ်တတ်ပါတယ်။
6. နောက်တစ်ချက်က ပိုဆိုးပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ အားကိုးတတ်ကြတဲ့ Low-level software တွေကြောင့် ဖြစ်နိုင်ခြင်းပါ။
Antivirus tools, disk utilities တွေလိုမျိုး low-level မှာ အလုပ်လုပ်ဆောင်ကြတဲ့ software တွေသည်လည်းပဲ system ရဲ့ လုပ်ဆောင်မှုတွေကို ပျက်စီးစေနိုင်လို့ BSOD ဖြစ်စေနိုင်ပါတယ်။
ဒီအချက်တွေက Blue Screen ကို ဖြစ်စေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
Common Error Codes:
BSOD ဖြစ်လာတဲ့အခါ screen ပေါ်မှာ မတူညီတဲ့ error code တွေကို တွေ့မြင်နိုင်မှာဖြစ်ပြီးတော့ မှတ်ထားဖို့ လိုပါတယ်။ အဲသည် error code တွေထဲမှာ ဘာကြောင့် ဖြစ်တယ်၊ ဘယ်လိုရှင်းသင့်တယ်ဆိုတဲ့ information တွေ ပါဝင်နေလို့ ဖြစ်ပါတယ်။ နမူနာ error code အချို့ကို လေ့လာကြည့်ပါ။
- IRQL_NOT_LESS_OR_EQUAL: ဒီကုဒ်မျိုးကို တွေ့ခဲ့ရင် ဒါက Hardware issues သို့မဟုတ် အဆိုပါ hardware အတွက် driver မှာ ပြဿနာ ဖြစ်တာမျိုး ဖြစ်ပါတယ်။
- PAGE_FAULT_IN_NONPAGED_AREA:ဒီလို ကုဒ်မျိုး တွေ့ခဲ့ရင်တော့ ဒါက RAM နဲ့ ပတ်သက်တဲ့ ပြဿနာမျိုး ဖြစ်ပါတယ်။
- KERNEL_SECURITY_CHECK_FAILURE: ဒါမျိုးဆိုရင် driver or system file တစ်ခုခု ချို့ယွင်းနေတဲ့ ပြဿနာမျိုး ဖြစ်ပါတယ်။ ဖိုင်တော့ ရှိတယ် မပြည့်စုံဘူး ဆိုတာမျိုး လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ - ကျွန်တော်တို့ ဖိုင်တစ်ခုကို ကော်ပီကူးပြီး မပြီးဆုံးခင်မှာ ရပ်ပစ်လိုက်တာမျိုးပေါ့။ update လုပ်တဲ့ process အတွင်း တစ်စုံတစ်ရာကြောင့် အဲလို အဖြစ်မျိုး ဖြစ်ခဲ့ရင် ခုလို error ပြမှာပါ။
BSOD ကို ဘယ်လို ကာကွယ်နိုင်မလဲ:
- Driver update တွေ ပုံမှန်လုပ်ရမယ်
- System update တွေကို ပုံမှန်လုပ်ရမယ်
- Windows Memory Diagnostic သို့မဟုတ် အလားတူ tool တွေကို သုံးပြီးတော့ hardware စစ်ဆေးခြင်းမျိုးကို လုပ်ဆောင်သင့်ပါတယ်။
- နောက်တစ်ချက်က overclocking မဖြစ်အောင် (ကိုယ့်စက်နဲ့ တန်ရာအလုပ်ကိုသာ ခိုင်းဖို့ပါပဲ)
- low quality software တွေကို မသုံးမိအောင် ဂရုပြုကြရပါမယ်။ ဆိုလိုတာက စိတ်ချရတဲ့ software တွေကိုပဲ သုံးပါ။
- ကွန်ပျူရဲ့ အပူချိန်ကိုလည်း သတိပြုပါ။
ဒီအချက်တွေကို လိုက်နာ လုပ်ဆောင်ရင် BSOD ကို ရှောင်ရှားနိုင်မှာ ဖြစ်ပါကြောင်း
Thank you for reading.
0 Comments